ပစ္စည်းပို့ဆောင်တဲ့အချိန်မှာ Delivery Service ကြောင့်ဖြစ်စေ / Product ရဲ့ Original Fault ကြောင့်ဖြစ်စေ ကုန်ပစ္စည်းပျက်စီးနေခြင်း၊ ချို့ယွင်းနေခြင်း၊ မှာယူထားသောကုန်ပစ္စည်း အစုံအလင်မပါရှိခြင်း၊ ကုန်ပစ္စည်းမှားယွင်းပို့ဆောင်မိခြင်းများ ဖြစ်ပေါ်ပါက ACME Online Marketplace Platform မှတဆင့် Return Service / Return Warrenty ပါရှိသောကုန်ပစ္စည်းမှန်သမျှ သတ်မှတ်ထားသော ရက်အတွင်း Return Request လုပ်ပြီး လဲလှယ်ခွင့်ရှိပါသည်။
ဝယ်ယူသူအနေနဲ့ ကုန်ပစ္စည်းများကို Platform ပေါ်မှ စိတ်တိုင်းကျ ရွေးချယ် ဝယ်ယူ နိုင်ပြီး မှာယူထားပြီးသော ပစ္စည်းရောက်ရှိလာသည့်အခါမှ Change of Mind အကြောင်းပြချက်ဖြင့် Return ပြုလုပ်၍ မရပါ။
ဝယ်ယူထားသော ပစ္စည်းမှ ဖြစ်ပေါ်လာနိုင်သော ပြဿနာများအရ Return ပြန်လည်ပြုလုပ်ရန်အတွက် ရောင်းချသူမှ Seller Warranty / Brand Warranty အရဆောင်ရွက်ပေးမှာဖြစ်ပါသည်။ Seller Warranty အတွက် Invoice တွင်ပါရှိသည့် အတိုင်း ရောင်းချသူအား ဆက်သွယ်နိုင်ပါသည်။ Brand Warranty အတွက် Brand Contact List အတိုင်း ဆက်သွယ်နိုင်ပါသည်။
ဝယ်ယူထားသော ပစ္စည်းများကိုReturn ပြန်လုပ်ရာတွင် လက်ခံထားသည့် ပုံစံအတိုင်းမပေးသွင်းခြင်း၊ ပျက်စီးနေခြင်း၊ စွန်းပေခြင်းများ တွေ့ရှိပါက ပြန်လည်လဲလှယ်ခွင့် ပြုမည်မဟုတ်ပါ။ Return Policy အရ သတ်မှတ်ထားသော အချက်များနှင့် ကိုက်ညီမှုရှိမှသာ Return Period အတွင်း ပြန်လည်လဲလှယ်ခွင့်ရှိမည်။
Return ပြန်လုပ်မည့်ပစ္စည်းတွင် မူရင်းတံဆိပ်များ၊ Warranty ကဒ်များ၊ အခမဲ့ရရှိထားသောပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ ပါဝင်ရပါမည်။
လဲလှယ်မည့် ပစ္စည်းကို မူလအတိုင်းပြန်လည်ထုပ်ပိုးပေးရန်လိုအပ်ပြီး လဲလှယ်မည့်ပစ္စည်း (သို့) ထုပ်ပိုးထားသည့်ဘူး ထိခိုက်မှုမရှိရန်လိုအပ်ပါသည်။ အကယ်၍ ပစ္စည်းကို ACME ရဲ့ ထုတ်ပိုးမှုပုံစံအတိုင်း ပြန်လည်ပေးပို့မယ်ဆိုပါက ပြန်လည်ပို့ဆောင်ပေးထားကြောင်း အမှတ်အသားတစ်ခု ထည့်ပေးရန်လိုပါသည်။
မိတ်ဆွေဝယ်ယူထားသောပစ္စည်းသည် ပြန်အမ်းငွေပေးရန်အတွက် သတ်မှတ်ထားသော အချက်များနှင့်ပြည့်စုံပါက အောက်ပါဇယားပေါ် အခြေခံ၍ မိတ်ဆွေကြိုက်နှစ်သက်သော ငွေပြန်အမ်းခြင်းနည်းလမ်းကိုရွေးချယ်နိုင်ပါသည်။ မိတ်ဆွေ Return လုပ်မည့်ပစ္စည်းအတွက် ပြန်လည်ရရှိမည့် ငွေပမာဏနှင့်အတူ ပို့ဆောင်ခကိုလဲ ပြန်လည်ရရှိမှာဖြစ်ပါတယ်။
ပြန်အမ်းငွေပေးရန် လိုအပ်သည့်အချိန်သည် မိတ်ဆွေရွေးချယ်ထားသည့်ငွေပြန်အမ်းငွေ အမျိုးအစားပေါ်တွင်မူတည်ပါသည်။ ကျွန်ုပ်တို့သည် သင်၏ပစ္စည်းကို ( 3 ရက်အတွင်း) ရရှိပြီးသည်နှင့် လဲလှယ်ထားသောပစ္စည်း၏အရည်အသွေးစစ်ဆေးမှု ကို ( 2 ရက်အတွင်း) ပြုလုပ်မည် ဖြစ်ပါသည်။ ထို့နောက် ပြန်အမ်းငွေပေးရန်အတွက် သတ်မှတ်ထားသောအချက်များနှင့်ပြည့်စုံပါက ငွေပြန်အမ်းခြင်းလုပ်ငန်းစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။
Payment Method | Refund Policy | Refund Time |
---|---|---|
All | ACME Refund Coupon | 2 - 3 days |
Cash on Delivery | ACME Refund Coupon | 3 - 4 days |
ACME Coupon | ACME Refund Coupon | 2 - 3 days |
Pay Apps | ACME Refund Coupon | 2 - 3 days |
ACME Coupon သည်သက်မှတ်ထားသော သက်တမ်းအတွင်းသာ အသုံးပြုခွင့်ရှိပါသည်။ အော်ဒါပြုလုပ်ထားသော ကုန်ပစ္စည်း၏ တန်ဖိုးသည် Coupon ပမာဏထက်နည်းနေပါက ပြန်အမ်းငွေရရှိမည် မဟုတ်ဘဲ နောက်တစ်ကြိမ်ဝယ်ယူမှုတွင်သာ အသုံးပြုနိုင်မှာဖြစ်ပါသည်။